ပေါင်မြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆို







ပေါင်၊ မတ်  ၁၂

၂၀၂၅-၂၀၂၆  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၂) ရက်‌နေ့တွင်နိုင်ငံတစ်ဝှမ်း၌ အင်္ဂလိပ်စာ ဘာသာရပ်ကို တစ်ပြိုင်နက်တည်း  ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ (  ၉၆.၂၇ )ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါင်မြို့နယ်တွင် (အထက)ပေါင် ၊(အထက)ဇင်းကျိုက်၊ (အထက) မုတ္တမ  စာစစ်ဌာန (၃)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ  အင်္ဂလိပ်စာ ဘာသာရပ်   ဖြေဆိုခွင့်ရှိသူ (၈၀၄)ဦးရှိသည့်အနက် ကျောင်းသား၊ကျောင်းသူ(၇၇၄)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အအေးဘူးများလည်းပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)