ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို



ကျွန်းစု  ၊ မတ် ၁၂

၂၀၂၆ခုနှစ်၊ မတ် ၁၁ ရက်မှစတင်၍ ပညာရေးဝန်ကြီးဌာန  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပလျက်ရှိရာ  တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အထက-ကျွန်းစု စာစစ်ဌာန၌ ကျောင်းသား ၁၅၃ ဦး၊ ကျောင်းသူ ၃၅၅ ဦး စုစုပေါင်း ၅၀၈ ဦး ရှိရာ အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား ၁၄၀ ဦး၊ ကျောင်းသူ ၃၁၆ ဦး၊ စုစုပေါင်း ၄၅၆ ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၈၉.၇၆ % ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား ၁၃ ဦး၊ ကျောင်းသူ ၃၉ ဦး၊ စုစုပေါင်း ၅၂ ဦး၊ ပျက်ကွက်မှု ရာခိုင်နှုန်း ၁၀ ဒသမ ၂၄ ရာခိုင်နှုန်း ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့်တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)