အင်္ဂလန်ဘုရားကျောင်းက နှစ် ၅၀၀ အတွင်းမှာ ပထမဆုံး အမျိုးသမီး ဂိုဏ်းချုပ် ခန့်အပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်္ဂလန်ဘုရားကျောင်းက နှစ် ၅၀၀ အတွင်းမှာ ပထမဆုံး အမျိုးသမီး ဂိုဏ်းချုပ် ခန့်အပ်


မတ် - ၂၆ ( ကြာသပတေးနေ့ ) 

အင်္ဂလန်ဘုရားကျောင်း အာဏာပိုင်အဖွဲ့က ဒိန်းဆာရာမော်လာလီ ကို ဘုရားကျောင်းစတင်တည်ထောင်ခဲ့တဲ့ ၁၅၃၄ ခုနှစ်ကတည်းကနေ ဒီနေ့အထိကာလအတွင်းမှာ ကန်တာဘာရီ ရဲ့ ပထမဆုံး အမျိုးသမီးဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အခမ်းအနားကို မနေ့က ကန်တာဘာရီ ဘုရားရှိခိုးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၊ မင်းသားဝီလျှံ နဲ့ ကြင်ယာတော် ဝေးလ်မင်းသမီး ကတ်သရင်း တို့လည်း တက်ရောက်ခဲ့ပါတယ်။

သူမ၏မိန့်ခွန်းတွင် နိုင်ငံတော်ကျန်းမာရေး NHS သူနာပြုဟောင်း မော်လာလီ က သမိုင်းဆိုင်ရာ အလွဲသုံးစားမှုမှာ နစ်နာသူများအတွက် ရပ်တည်ကာ အကာအကွယ်နှင့် တာဝန်ခံမှုကို အာရုံစိုက်ပေးပါမယ်လို့ ကတိပြုခဲ့ပါတယ်။ 

"ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်ခရစ်ယာန်အသင်းတော်များ နဲ့ အသိုက်အဝန်းရှိသူတို့ရဲ့ လုပ်ရပ်များ၊ လှုပ်ရှားမှုများ နဲ့ ပျက်ကွက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသူများ တွေ့ကြုံခံစားခဲ့ရတဲ့ နာကျင်မှုများကို ကျွန်ုပ်တို့လျစ်လျူမရှုပါ" လို့ သူမကဆိုပါတယ်။ 

သူမရဲ့ အရင်ဂိုဏ်းချုပ် ဂျက်စတင်း ဝယ်ဘီ က ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတစ်လျှောက်လုံး ယူကေနှင့် အာဖရိကရှိ ခရစ်ယာန်ဘုရားကျောင်းအတွင်း သြဇာကြီးသော ရှေ့နေ ဂျွန်စမစ်ရဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများကို ဖုံးကွယ်ထားမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ရပါတယ်။ 

မော်လာလီကိုယ်တိုင်ကလည်း ကိုယ်ဝန်ရင့်ချိန်မှာ ဖျက်ချတာနဲ့ ပတ်သက်ပြီး ဗြိတိန်ပါလီမန်ဥပဒေမူကြမ်းအား ဆန့်ကျင်နိုင်တဲ့ လုံလောက်သော ရပ်တည်ချက်မရှိဘူး လို့ ဝေဖန်ခံနေရပါတယ်။  လက်ရှိတွင် ဗြိတိန်ရှိ အမျိုးသမီးများက ခြွင်းချက်အချို့မှလွဲပြီး ကိုယ်ဝန် ၂၄ ပတ်ရောက်တဲ့အထိ ဖျက်ချနိုင်ခွင့်ရှိနေပါတယ်။ 


Ref- RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)