မိုင်းယုမြို့၌ သင်္ကြန်ကာလအတွက် ပြင်ဆင်ထားသည့် နမ့်လွေချောင်းသောင်ပြင်၌ ပြည်သူများ လာရောက်လည်ပတ်ပြီး ရေကစားအပန်းဖြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယုမြို့၌ သင်္ကြန်ကာလအတွက် ပြင်ဆင်ထားသည့် နမ့်လွေချောင်းသောင်ပြင်၌ ပြည်သူများ လာရောက်လည်ပတ်ပြီး ရေကစားအပန်းဖြေ





မိုင်းယု၊ မတ် ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သင်္ကြန်ကာလရေကစားအပန်းဖြေ လည်ပတ်နိုင်ရန်အတွက် ပြင်ဆင်ထားသည့် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသောင်ပြင်ဘေး ယာယီတဲနှင့် ဈေးဆိုင်များတွင် ပြည်သူများလာရောက် လည်ပတ်ရေကစားအပန်းဖြေလျက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့တွင် ၂၀၂၆ ခုနှစ်၊ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ အပန်းဖြေရေကစားပျော်ရွှင်စွာ လည်ပတ်နိုင်ရန်အတွက် ဒေသခံဈေးသည်များမှ ယာယီတဲများ၊ ဈေးဆိုင်များ စတင်ဆောက်လုပ်၍ ဈေးဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်နေလျက်ရှိကြပြီး လတ်တလောတွင် အများပြည်သူအလုပ်နားရက်တို့တွင် ပြည်သူများလာရောက်လည်ပတ်နေ လျက်ရှိကြသည်။

မိုင်းယုမြို့သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး နမ့်လွေချောင်းစီးဆင်းလျက်ရှိရာ နှစ်စဉ်သင်္ကြန်ကာလရောက်တိုင်း ပြည်သူများကချောင်း၌ ရေကစားခြင်း၊ ရေကူးခြင်းနှင့် ရိုးရာနှစ်သစ်သင်္ကြန်ကို ပျော်ရွှင်စွာဖြင့် ကြိုဆိုလျက်ရှိကြောင်း သိရသည်။


ကိုကိုနိုင်

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)