မတ် ၁၈
ချင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ တစ်ခုဖြစ်သော ချင်းပြည် တွန်းဇံမြို့နယ် အခြေစိုက် ZRA-EC (Zomi Revolutionary Army- Eastern Command) တပ်မှာ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိတော့ဘဲ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ZRA-EC တပ်မှာ စစ်တပ်နှင့် ပူးပေါင်းသွားပြီဖြစ်ကြောင်း ချင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့ Zomi Federal Union (ZFU) / PDF-Zoland က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ဇိုမီးတော်လှန်ရေးတပ်မတော် - အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ZRA - EC) သည် တပ်မတော်နှင့် ပူးပေါင်းသွားခြင်းကြောင့် အခြားအကြမ်းဖက်အဖွဲ့များက မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
(ZRA - EC) သည် ချင်းပြည်နယ် မြောက်ပိုင်း ဇိုးမီးလူမျိုးစုများ အများဆုံးနေထိုင်ရာ တီးတိန်၊ တွန်းဇံ၊ ကျီခါးနှင့် ကလေးကဘော် ဒေသများတွင် အဓိက ခြေကုပ်ယူ လှုပ်ရှားသော အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်အဖွဲ့ဝင် အမြောက်အများလည်း အမြင်မှန်ရရှိလာပြီး ဥပဒေဘောင်အတွင်း စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိသည်။
#News #MNP


No comments:
Post a Comment