ရန်ကုန်၊ မတ် ၁၈
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ဖေဖော်ဝါရီလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ရှစ်သိန်းခြောက်သောင်းကျော် လာရောက်ဖူးမြော်ကြည်ညိုကြကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။
ဖေဖော်ဝါရီလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၁၁၀၀၂ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၈၀၄၆ ပါး၊ အမျိုးသား ၃၇၂၉၉၈ ဦး၊ အမျိုးသမီး ၄၆၀၄၉၂ ဦး၊ နိုင်ငံခြားသား ၃၉၅၈ ဦး၊ နိုင်ငံ ခြားသူ ၃၉၄၈ ဦး စုစုပေါင်း ၈၆၀၄၄၄ ဦးဖြစ်သည်။
အဆိုပါကာလအတွင်း ရွှေတိဂုံစေတီတော်သို့ပြည်တွင်းပြည်ပ ဘုရားဖူးဝင်ရောက်မှုသည် ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် အနည်းဆုံးလူဦးရေတစ်သောင်းဝန်းကျင် လာရောက်ကြပြီး အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်(တပို့တွဲလပြည့်နေ့)တွင် ၁၇၃၆၅၀ ဦး၊ ဖေဖော်ဝါရီလ ၈ ရက်(တနင်္ဂနွေနေ့)တွင် ၃၄၂၈၂ ဦး၊ ဖေဖော်ဝါရီလ ၁၅ ရက်(တနင်္ဂနွေနေ့)တွင် ၅၉၄၄၉ ဦး၊ ဖေဖော်ဝါရီလ ၁၇ ရက်(တရုတ်နှစ်သစ်ကူးနေ့)တွင် ၅၁၅၀၅ ဦး အများဆုံးလာရောက် ဖူးမြော်ကြည်ညိုကြသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့သည် ရပ်နီးရပ်ဝေးမှဘုရားဖူးများ အဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။
#News #MNP

No comments:
Post a Comment