မတ် - ၁၈ ( ဗုဒ္ဓဟူးနေ့)
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ပြည်သူများအား ၎င်းတို့ရဲ့ အစိုးရအား ဆန့်ကျင်ဆန္ဒပြရန် ထပ်မံတိုက်တွန်းခဲ့ပါတယ်။ "ကျွန်ုပ်တို့ရဲ့လေယာဉ်တွေက မြေပြင်၊ လမ်းဆုံလမ်းခွများ၊ မြို့ရင်ပြင်များတွင် အကြမ်းဖက်သမားများကို တိုက်ခိုက်နိုင်ခဲ့ပြီ။ ဒါက အီရန် ရန်သူတွေအတွက် မီးပွဲတော်ကို ဆင်နွှဲဖို့ ရည်ရွယ်ပေးလိုက်တာပါ” လို့ တဲလ်အဗစ်မြို့ရှိ ကွပ်ကဲမှုဘန်ကာ ထဲကနေ ပြောကြားခဲ့ပါတယ်။
အီရန်က ဗုံးတွဲပါတဲ့ ခိုရန်ရှာဟာရာ- ၄ ပဲ့ထိန်းဒုံးတွေကိုစသုံးပြီလို့ သိရပါတယ်။
အစ္စရေး ရဲ့ မြို့တော်ဟောင်း တဲလ်အဗစ်မြို့က အထပ်မြင့် အဆောက်အအုံတစ်လုံးကို အီရန် ဒုံးကျည်တစ်စင်း ထိမှန်ခဲ့တဲ့ ဗီဒီယိုဖိုင် ထွက်လာပါတယ်။
ရုရှားနျူကလီးယားကုမ္ပဏီ ရိုဆာတွမ် အကြီးအကဲ က အစ္စရေး လေကြောင်း တိုက်ခိုက်မှုသည် လက်ရှိ လည်ပတ်နေတဲ့ ဘူရှီဟာရာ ဓာတ်အားပေးစက်ရုံရဲ့ နျူ့ဓာတ်ပေါင်းဖိုအနီးရှိ မိုးလေဝသဌာနကို ဧရိယာကို ထိခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ "ဘူရှီဟာရာက ရုရှားဝန်ထမ်းတွေကို တတိယမြောက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင်မှုများလုပ်ဆောင်နေတယ်" လို့ပြောပါတယ်။ အဆိုပါနေရာတွင် ကျန်ရှိနေတဲ့ ရုရှားနျူကလီးယားအေဂျင်စီမှ ဝန်ထမ်း ၄၈၀ ခန့်ကို ထိခိုက်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အဆိုပါကုမ္ပဏီက အီရန်နျူ့စက်ရုံရဲ့ အဓိက ကန်ထရိုက်တာဖြစ်ပြီး လက်ရှိတွင် ၎င်းရဲ့ဒုတိယနှင့် တတိယဓာတ်အားယူနစ်များကို တည်ဆောက်လျက်ရှိပါတယ်။ အီရန်ဘက်က နျူ့ဓာတ်အားပေးစက်ရုံနားကို လာရောက်တိုက်ခိုက်နေတာက နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာဖြစ်သလို ဒေသတွင်းလုံခြုံရေး ကို တိုက်ရိုက်စော်ကားသလို ဖြစ်နေတယ်လို့ ဆိုထားပါတယ်။
အမေရိကန်က အီရန်ကို ဆက်လက်တိုက်ခိုက်ဦးမယ်ဆိုရင် အမေရိကန် ဒေါ်လာ ထရီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ The Intercept သတင်းဌာနက ဖော်ပြပါတယ်။ သုံးပတ်အတွင်းရောက်နေပြီဖြစ်တဲ့ စစ်ပွဲကြောင့် အမေရိကန်အခွန်ထမ်းတွေရဲ့ ဒေါ်လာ ၆၀ ဘီလီယံမှ ၁၃၀ ဘီလီယံကြား ဆုံးရှုံးသွားပြီလို့ ဆိုပါတယ်။ တကယ်လို့ စစ်ပွဲက ၂ လကြာမယ်ဆိုရင် ၂၅၀ဘီလီယံလောက် ကုန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ "ဒီကုန်ကျစရိတ်တွေကို အမေရိကန်ပြည်သူတွေ မသိရပါဘူး။ အိမ်ဖြူတော် ဒါမှမဟုတ် DoD( ကာကွယ်ရေး ဝန်ကြီးဌာန) က အဲ့ဒါတွေကို ဘယ်တော့မှ ထုတ်မပြောပါဘူး”လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက် ပထမပတ်တွင် ဝါရှင်တန်သည် ဒေါ်လာ ၁၂ ဘီလီယံခန့် သုံးစွဲခဲ့ကြောင်း ထရမ့်အစိုးရက ဝန်ခံခဲ့ပါတယ်။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးဝင်းကို ဒရုန်းများဖြင့် ထိမှန်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုအများအပြား က ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေပါတယ်။ အီရန်နှင့် အမေရိကန်-အစ္စရေးစစ်ပွဲ စတင်ချိန်မှစ၍ အဆိုပါအဆောက်အအုံ သည် တိုက်ခိုက်မှုအများအပြားနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
ယခုသီတင်းပတ်အစောပိုင်းက မီးလောင်မှုကြီး ဖြစ်ပွားခဲ့တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရက် အာ ဖို့ဒ် က ကရီတေးရှိ အမေရိကန် အခြေစိုက်စခန်းတွင် ပြုပြင်ထိန်းသိမ်းရန် ပင်လယ်နီမှ ထွက်ခွာသွားမှာဖြစ်ကြောင်း အမေရိကန်ရေတပ်သိပ္ပံ သတင်းက ဖော်ပြပါတယ်။ အဆိုပါ စစ်သင်္ဘောသည် ရေတပ်ထောက်ပံ့ရေး လှုပ်ရှားမှု ဆူဒါပင်လယ်အော်တွင် ကုန်းပတ်ပြင်ဆင်မှု တစ်ပတ်ကျော် ပြုလုပ်ရလိမ့်မယ်လို့ အမေရိကန် အကြီးတန်း အရာရှိ တစ်ဦးက ပြောပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment