လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်း အရာရှိအချို့သေဆုံးမှုနှင့် နောက်ဆုံးရ သတင်းများ ( ၁ ) - Myanmar National Post

Myanmar National Post

News Agency

Breaking

လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်း အရာရှိအချို့သေဆုံးမှုနှင့် နောက်ဆုံးရ သတင်းများ ( ၁ )


မတ် - ၁၈ ( ဗုဒ္ဓဟူးနေ့) 

မနေ့က အမေရိကန်-အစ္စရေးတိုရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းလုံခြုံရေးအရာရှိ အလီလာရီဂျာနီ နဲ့ ဘာစီဂျေအရံတပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူးချုပ် ဂိုလမ်ရီဇာ စူလဲမန်နီးတို့ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ 

-

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဟောမုဇ်ရေလက်ကြားကို လုံခြုံစေရန် စစ်သင်္ဘောများစေလွှတ်ရန် မဟာမိတ်နိုင်ငံတွေကို တောင်းဆိုခဲ့ရာ နေတိုးအဖွဲ့ဝင်များနဲ့ မိတ်ဖက်နိုင်ငံများက အီရန်အပေါ် စစ်ပွဲတွင် ပါဝင်ခြင်းမရှိလိုဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ထရမ့်က မဟာမိတ်နိုင်ငံတွေကို အမေရိကန်စစ်တပ်ရဲ့အကူအညီနဲ့ အကာအကွယ်တွေကို လိုအပ်ရင် ခံစားကြပြီး အမေရိကန်တွေ “လိုအပ်နေတဲ့အချိန်” ကြရင် မဟာမိတ်ဆိုတဲ့ နိုင်ငံတွေက အမေရိကန်အတွက် ဘာမှမလုပ်ဘူးလို့ သူက စွပ်စွဲခဲ့ပါတယ်။

-

ကမ္ဘာ့ရေနံဈေးသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် အရောင်းအဝယ်ဖြစ်နေပြီး အီရန်စစ်ပွဲ မစတင်မီကထက် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကာ ပိုမိုနက်ရှိုင်းသော စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်လာခဲ့ပါပြီ။  

-

ဒီနေ့ မနက်ပိုင်းမှာ တဲလ်အဗစ်မြို့ ဆင်ခြေဖုံးရပ်ကွက် ရမတ်ဂန်ကို အီရန် ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်တာကြောင့် အသက် ၇၀ အရွယ် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေး ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ 

-

ဖေဖော်ဝါရီ ၂၈ ရက်ကနေစပြီး အမေရိကန်-အစ္စရေးတိုက်ခိုက်မှုတွေကြောင့် အီရန်မှာ အိမ်အလုံးရေ ၁၂,၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အီရန်မြို့တော်ဝန်က ပြောပါတယ်။ 

-

အီရန်၏ ထိပ်တန်းခေါင်းဆောင်အသစ် မိုဂျတာဘာ ခါမေနီ ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်လို့ မကြာမီ နောက်ထပ် ကြေညာချက်တစ်ရပ် ထုတ်ပြန်တော့မှာဖြစ်ကြောင်း အီရန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အီစမေးဘာဂါအီ က ပြောကြားခဲ့ပါတယ်။ 

-

မတ်လအစကတည်းက လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၉၁၂ ဦးအထိ တိုးလာတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘေရွတ်မြို့တွင် အစ္စရေးရဲ့ တိုက်ခိုက်မှုအသစ်များကို ဒီကနေ့တိုက်ခိုက်မှု ဗီဒီယိုများ အွန်လိုင်းပေါ်ကို တက်လာပြီး ပျက်စီးနေတဲ့ တိုက်တာအဆောက်အအုံများကို တွေ့ရမှာဖြစ်ပါတယ်။  


REF: RT         

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)