အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ







နေပြည်တော်၊ မတ် ၁၈

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး နှင့် ဝန်ထမ်းများတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားရာ၌  ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် (၅)နှစ်တာကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကိုသုံးသပ်၍ အခက်အခဲများကို ကျော်လွှားနိုင်သည့် နည်းလမ်းများ ချမှတ်နိုင်ရေး ဆွေးနွေးသုံးသပ်မှု စာတမ်းဖတ်ပွဲကို ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပမည့် ကော်မရှင်ရုံး၏ မဟာသင်္ကြန်ပွဲတော်၌ ဦးစီးဌာနအလိုက် ကပြဖျော်ဖြေနိုင်ရေးအတွက် ရွေးချယ်ဆောင်ရွက်ရာတွင် အခက်အခဲများကို တင်ပြနိုင်ပါကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်ရှည်များတွင် ကော်မရှင်ရုံး ဝန်ထမ်းများအနေဖြင့် ခရီးသွားလာရာတွင် ဘေးကင်းလုံခြုံရေးကို သတိပြုသွားလာကြရန် လိုအပ်ကြောင်း၊ ရာသီဥတုပူပြင်းလာသည့်အတွက် ကော်မရှင်ရုံးရှိ ဘာရှာ၊ ကွန်တိန်နာတွင် နေထိုင်ကြသည့် ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်လုံခြုံရေးကို ဂရုပြုကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌက  မတ်လအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အရာထမ်း၊ အမှုထမ်းများအတွက် (၁)ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။ 

ထို့နောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)