နေပြည်တော်၊ မတ် ၃
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်း ကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။
ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု များဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များ၊ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကြသည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေ ကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည် က "သင်တန်းဆင်းကြီဆိုတော့ ကျွန်တော်အခုအရမ်းတော့ပျော်မိပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာတော့။ နောက်ပြီး ကျွန်တော့်ကို တာဝန်ပေးတဲ့နေရာမှာ တာဝန်ကို ကျေပွန်အောင် အကောင်းဆုံး ထမ်းဆောင်သွားပါမယ်လို့လည်း ပြောချင်ပါတယ်။ ကျွန်တော့်ကို စစ်ပညာနဲ့ ပတ်သက်တဲ့ အခြေခံစစ်ပညာဆိုင်ရာတွေကို အစစအရာရာအကုန်လုံးကို ကျွန်တော်တို့ကို သင်ကြားပေးပါတယ်၊ ဆရာကြီးများက။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလာသလိုမျိုး ခံစား မိပါတယ်။ အရင်က အရပ်သားဘဝထက်စာရင်တော့ အခုအခြေအနေကို ပိုပြီး ဂုဏ်ယူမိပါ တယ်။ စစ်သားကောင်း တစ်ယောက်ဖြစ်အောင် အမြဲကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့်ကို ပေးအပ်တဲ့ တာဝန်အပေါ်မှာ အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားသွားပါ မယ်လို့ ပြောချင်ပါတယ်။ တပ်မတော်သားတစ်ယောက်ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်ကို ကျွန်တော်အမြဲဂုဏ်ယူမိပါတယ်။ အရင်ကထပ်စာရင် ယုံကြည်မှုအများကြီး ပိုရှိလာပါတယ်။ တပ်မတော်မှချပေးတဲ့ တာဝန်တွေကိုလည်း အကောင်းဆုံး ကြိုးစားသွားပါမယ်" ဟု ပြောသည်။
အခြား သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်တစ်ဦးက "ပြောင်းလဲမှုကတော့ အများကြီးရှိပါတယ်။ ရောက်ခါစတုံးကတော့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ အရပ်သားဘဝကနေလာတာဆိုတော့ တပ်မတော်နဲ့ အထိအတွေ့မရှိဘူးဆိုတော့ အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ စစ်မြေပြင်မှာဆိုရင်တော့ တစ်ယောက်တည်း ဆောင်ရွက်ဖို့လည်း မဖြစ်နိုင်ဘူးလေ၊ အဲဒီတော့အဖွဲ့ လိုက် စနစ်နဲ့ပဲ သွားတာဖြစ်တဲ့အတွက် အဖွဲ့ လိုက်ကြိုးစားတတ်အောင် ဆရာတွေက အများကြီး သင်ပေးထားပါတယ်။ ဆရာတွေ သင်ပေးထားတဲ့အတိုင်းပဲ ကျွန်တော်တို့ စစ်မြေပြင်ရောက်သွားရင်လည်း စစ်နည်းဗျူဟာရပ်တွေ၊ စစ်ပညာတွေကို အကောင်းဆုံးအသုံးချသွားပါမယ်လို့ ပြောချင်ပါတယ်" ဟု ပြောသည်။
#News #MNP









No comments:
Post a Comment