မတ် - ၃ ( အင်္ဂါနေ့ )
ဒီကနေ့ မတ်လ (၃ ) ရက်နေ့ မနက်အစောပိုင်းမှာ ဆော်ဒီအာရေဗီးယား နိုင်ငံမြို့တော် ရီယာဒ်မှာ ရှိတဲ့ အမေရိကန်သံရုံးကို ကာမီကာဇေ ဒရုန်း ၂ စင်း ဝင်ရောက်တိုက်ခိုက်လို့ ပေါက်ကွဲပျက်စီးမှုတွေရှိတယ်လို့ ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ၎င်းရဲ့ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုတွေ ၊ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမဲ့ အသေအပျောက် မရှိဘူးလို့ဆိုပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန် - အီရန်စစ်ပွဲစတင်ကတည်း က သံရုံးကို ရှင်းလင်းထားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ဆော်ဒီမှာ ရှိတဲ့ အမေရိကန် သံဝန်ထမ်းတွေ နဲ့ အခြားသော အမေရိကန်နိုင်ငံသားတွေကို လုံခြုံတဲ့နေရာတွေမှာ နေထိုင်ဖို့ ညွှန်ကြားထားပါတယ်။
ဆော်ဒီက အမေရိကန်သားတွေ အများဆုံးရှိတဲ့ ရိယာဒ် ၊ ဂျက်ဒါ နဲ့ ဒါဟန်မြို့တွေမှာ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ လုံခြုံစွာ ပုန်းအောင်နေကြဖို့လည်း ညွှန်ကြားထားပါတယ်။
REF: The Nation
#News



No comments:
Post a Comment