မတ် - ၁၂ ( ကြာသပတေးနေ့ )
ဟော်မုဇ်ရေလက်ကြားရှိ ထိုင်းအလံတင် ကုန်တင်သင်္ဘော မေယုရီနေရီး အား အီရန်တော်လှန်ရေးအစာင့်တပ်က တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် ထိုင်းအလံတင် ကုန်တင်သင်္ဘော က အီရန်စစ်တပ်ရဲ့ သတိပေးချက်များကို လျစ်လျူရှုပြီး ဗျူဟာမြောက် ရေလမ်းကြောင်းထဲကို ဥပဒေမဲ့ ဖြတ်သန်းရန် ကြိုးပမ်းခဲ့တာဖြစ်လို့ တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
အီရန်မီဒီယာများက မတ် ၁၁ ရက်နေ့တွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ထိုင်းသင်္ဘောအပါအဝင် ဟောမုဇ်ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ အဲ့ဒါက အီရန်က သူတို့သင်္ဘောတွေကို တိုက်ခိုက်ပါတယ် ဆိုပြီး ပထမဆုံး လူသိရှင်ကြား ကြေညာတာဖြစ်ပါတယ်။
ထိုင်းကုန်တင်သင်္ဘောကို မပစ်မီ လိုက်ဘေးရီးယားအလံလွှင့်တင်ထားသော Express Rome ကုန်တင်သင်္ဘောကိုလည်း ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အီရန်ဘက်က ပြောကြားခဲ့ပါတယ်။
REF: The Nation
#News #MNP

No comments:
Post a Comment