ကျောက်တံခါး၊ မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ကုန်း (မြောက်) ဘုန်းတော်ကြီးကျောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်နေကြသော သင်တန်းသားသင်တန်းသူ ၅၀ ဦးအား မြို့နယ်ဦးစီးမှူးက ကလေးအလုပ်သမားပပျောက်ရေးအကြောင်း အသိပညာပေးဟောပြောပြီး ကလေးအလုပ်သမားအကြောင်း အသိပညာပေးလက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို နံရံကပ်စာစောင်ပြသရာ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
#News #MNP

No comments:
Post a Comment