လားရှိုးမြို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်း





လားရှိုး၊ မတ် ၁၂

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိသောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများသို့ စုစုပေါင်းသောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့သွား‌ရောက်လှူဒါန်းရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးသီရိသွယ်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက ရပ်ကွက် ၄ နယ်မြေ ၁၅၊ ၁၆ တို့ရှိ သောက်သုံးရေအခက်အခဲဖြစ်နေသည့် လူဦးရေ ၂၆၀ ဦးတို့အတွက် သောက်သုံးရေစုစုပေါင်း ၁၈၀၀ ဂါလံအားသောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် သွားရောက်လှူဒါန်းခဲ့‌ကြောင်း သိရသည်။


လူမော် 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)