မတ် - ၁၂ ( ကြာသပတေးနေ့ )
အာဖရိကသမဂ္ဂ (AU) သည် ပါရှန်ပင်လယ်ကွေ့ရှိ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အီရန်အပေါ် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်မှုများသည် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ခြိမ်းခြောက်ကာ အာဖရိကတိုက်အတွင်းရှိ နိုင်ငံများကိုလည်း ထိခိုက်လာနိုင်ကြောင်း သတိပေးထားပါတယ်။
ပြီးခဲတဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်တွင် AU ကော်မရှင်ဥက္ကဋ္ဌ မိုဟာမက် အလီ ယူစွတ် က ကျနော်တို့ “ဖြစ်ရပ်များနဲ့ပတ်သက်ပြီး” အနီးကပ်စောင့်ကြည့်နေပြီး နှစ်ဖက်စလုံးအား တင်းမာမှုများ အရှိန်အဟုန် မြှင့်တင်နေတာဖြစ်လို့ တင်းမာမှုများ အရှိန်လျော့ချပေးဖို့လည်း တိုက်တွန်းထားပါတယ်။
“ပင်လယ်ကွေ့ဒေသတွင်း တည်ငြိမ်ရေးသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေးနှင့် နိုင်ငံတကာစီးပွားရေး အတွက် အထူးအရေးကြီးပြီး အာဖရိကစီးပွားရေးအတွက် တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်” လို့ ၎င်းကပြောပါတယ်။ ရေနံဈေးနှုန်းများ မြင့်တက်လာခြင်း၊ ကုန်သွယ်မှုလမ်းကြောင်းများ ရပ်တန့်ခြင်းနဲ့ လေပိုင်နက်ပိတ်ခြင်းတို့သည် အာဖရိက ပို့ကုန်လုပ်ငန်းရှင်များ၊ လေကြောင်းလိုင်းများနှင့် ဒေသတွင်းနေထိုင်သော နိုင်ငံသားများကို ထိခိုက်စေတယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ် ။ AUC ဥက္ကဋ္ဌသည် ပင်လယ်ကွေ့တွင်နေထိုင်သော အာဖရိကန်လူမျိုးများ အပါအဝင် အရပ်သားများကို အကာအကွယ်ပေးပြီး လုံခြုံစွာ ဖြတ်သန်းသွားလာခွင့်ကို တောင်းဆိုထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment