ပုဇွန်တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာတွင် ကျောင်းသား၊ ကျောင်းသူ ၉၀.၆၉ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာတွင် ကျောင်းသား၊ ကျောင်းသူ ၉၀.၆၉ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို






ပုဇွန်တောင်၊ မတ် ၁၂

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာတွင် ကျောင်းသား/ကျောင်းသူ ၉၀.၆၉ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၄)ပုဇွန်တောင် စာစစ်ဌာန၌ ကျောင်းသား ၅၇  ဦး၊ ကျောင်းသူ ၇၂ ဦး စုစုပေါင်း ၁၂၉  ဦး စာရင်းရှိပြီး အင်္ဂလိပ်စာဘာသာတွင် ကျောင်းသား  ၅၂ ဦး၊ ကျောင်းသူ  ၆၅ ဦး၊ စုစုပေါင်း ၁၁၇  ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၉၀.၆၉ % ရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၇  ဦး၊ စုစုပေါင်း ၁၂ ဦး၊ ပျက်ကွက်မှု ရာခိုင်နှုန်း ၉.၃၁ % ရှိသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပုဇွန်တောင်မြို့နယ်၌ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနတစ်ခုတည်းသာ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ ကျောင်းသား/ကျောင်းသူများက လာရောက်ဖြေဆိုလျက်ရှိပြီး အဆင်ပြေအေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင် များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



ဟန်စုယဉ်

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)