မြောက်ဥက္ကလာပ၊ မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄ ခု ဖွင့်လှစ်၍ ယနေ့ နံနက် ၉ နာရီအချိန်တွင် အင်္ဂလိပ်စာဘာ သာရပ်အား ကျောင်းသား၊ ကျောင်း သူများ စိတ်အေး ချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိရာ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော် မတီဥက္ကဋ္ဌ ဦး ကျော်သက်ခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော် မတီဥက္ကဋ္ဌ ဦးမိုးသူ နှင့် အဖွဲ့၀င်များ ၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင် နှင့် တာ၀န်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြောက်ဥက္ကလာမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန ၄ ခုအတွင်း ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၂၆၅၈ဦးရှိရာ ယနေ့ အင်္ဂလိပ်စာဘာသာရပ်အားလာရောက် ဖြေဆိုသူကျောင်းသား၊ ကျောင်း သူ ၂၅၁၇ ဦး ၊ ပျက်ကွက် ကျောင်းသား၊ ကျောင်း သူ ၁၄၁ ဦး ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းဖြစ်သဖြင့် ပျက်ကွက် ရာခိုင်နှုန်းမှာ ၆ ရာခိုင်နှုန်း ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
အဆိုပါ၂၀၂၅ -၂၀၂၆ ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ၊ မြို့နယ်ပညာရေးမှူး ၊ ကြီးကြပ် ရေးမှူးများ ၊ဌာနဆိုင်ရာတာ၀န်ရှိသူများ ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး
#News #MNP





No comments:
Post a Comment