ရန်ကုန်- ပျဉ်းမနား-ပုဂံအမြန်ရထား တစ်ပတ်နှစ်ကြိမ်ပြေးဆွဲပေးနိုင်ရေး ပြည်သူများ လိုလား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်- ပျဉ်းမနား-ပုဂံအမြန်ရထား တစ်ပတ်နှစ်ကြိမ်ပြေးဆွဲပေးနိုင်ရေး ပြည်သူများ လိုလား

 


ညောင်ဦး   ၊ မတ် ၃၁

မြန်မာ့မီးရထားမှ ရန်ကုန်-ပျဉ်းမနား-ပုဂံ အမြန်ရထားခရီးစဉ်ကို တစ်ပတ်လျှင်တစ်ကြိမ် ဗုဒ္ဓဟူးနေ့ တစ်ရက်သာ ပြေးဆွဲလျက်ရှိရာ၊ မီးရထားစီးခရီးသွားများ၊ မီးရထားဖြင့် ကုန်စည် စီးဆင်းမှု ပြုလုပ်လိုသူပြည်သူများက တစ်ပတ်တစ်ကြိမ်သာပြေးဆွဲနေသည့် ရန်ကုန်-ပျဉ်းမနား-ပုဂံအမြန်ရထားခရီးစဉ်အား တစ်ပတ်လျှင် နှစ်ကြိမ်နှင့် အထက်ပြေးဆွဲပေးစေလိုကြောင်း မီးရထားစီးခရီးသွားပြည်သူများက ပြောကြား၍ သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု၊ ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့ လွယ်ကူလျင်မြန်စေရေးနှင့် မဟာသင်္ကြန်အခါသမယ နေရပ်ပြန်လိုသူများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများ လွယ်ကူစွာလာ ရောက်နိုင်ရေးတို့အတွက် တစ်ပတ်တစ်ကြိမ်သာ ပြေးဆွဲနေသော ရထားခရီးစဉ်များအား တစ်ပတ်လျှင် နှစ်ကြိမ်မှ နှစ်ကြိမ်အထက် ပေးဆွဲပေးစေလိုကြောင်း မီးရထားစီးခရီးသွား ပြည်သူများက ပြောကြားသည်။ ရန်ကုန်-ပျဉ်းမနား-ပုဂံအမြန်ရထား ပုံမှန်ပြေးဆွဲပေးနိုင်ပါက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေးခရီးသွားများ စရိတ်သက်သာသည့် မြန်မာ့မီးရထား စီးနင်းသူ များပြားလာမည်ဖြစ်ကာ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးများလည်း မီးရထားစီး၍ လာရောက်ကြမည်ဖြစ်ကာ ပုဂံဘုရားများ ဖူးမြော်သည့်အခါတွင်လည်း စရိတ်သက်သာသည့် လျှပ်စစ်ဆိုင်ကယ်များ ငှားရမ်းသုံးစွဲ စီးနင်းရင်း ဘုရားဖူးကြမည်ဖြစ်သည်။ လျှပ်စစ်ဆိုင်ကယ်များ စီးနင်းခြင်းဖြင့် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုလျော့နည်းစေမည်ဖြစ်ကြောင်း ရန်ကုန်-ပျဉ်းမနား-ပုဂံ အမြန်ရထား တစ်ပတ်တစ်ကြိမ်ထက်မက ပြေးဆွဲပေးစေလိုကြောင်း မီးရထားစီးခရီးသွားပြည်သူများထံက သိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)