ညောင်ဦးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များ ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များ ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းကြည့်ရှု


ညောင်ဦး   ၊ ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်း ကျင်းပမည့် လမ်းလျှောက်သင်္ကြန်နှင့် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ဆောက်လုပ်ပြီးစီးမှု၊ အလှဆင်ထားမှုများအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများ ယနေ့ နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်အား ပုဂံမြို့ဟောင်းအတွင်း လမ်းလျှောက်သင်္ကြန်နှင့်အတူ သနပ်ခါးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ ပုဂံအငွေ့အသက် မုခ်ဦးတည်ဆောက်မည့် နေရာ၊ ပုဂံမြို့ဟောင်းလမ်းတစ်လျှောက် ပုဂံထီး၊ ပုသိမ်ထီးများ အလှဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်း၊ ယွန်းကောလိပ် (ပုဂံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် တာဝန်ရှိသူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်အား ပုဂံအငွေ့အသက်ဖြင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး၊ သနပ်ခါးမဏ္ဍပ်ထည့်သွင်းကျင်းပနိုင်ရေးနှင့် မြန်မာ့ရိုးရာနွားလှည်းများဖြင့် ရေကစားနိုင်ရေးစီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ကြည့်ရှုစစ်ဆေးရာ သတ်မှတ်ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား သံစုံတီးဝိုင်း (၆) ဝိုင်းဖြင့် ဖျော်ဖြေတင်ဆက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။ ပုဂံမြို့ဟောင်းအတွင်း ကျင်းပမည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ရုပ်ရှင်၊ အနုပညာရှင်များ ပါဝင်ပူးပေါင်းဖျော်ဖြေနိုင်ကြောင်းလည်း တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)