နေပြည်တော်၊ ဧပြီ ၂၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သည် ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများအား ယမန်နေ့က ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ယခုလို ဇေယျာသီရိမြို့နယ် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် လွန်စွာကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့်အတိုင်း မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ယခု တွေ့ဆုံပွဲတွင်လည်း ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒနှင့်အသံကို နားထောင်ရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ ပါတီ၊ ပြည်သူနှင့်အတူ တစ်စည်းတစ်လုံးတည်း ဒေသကောင်းကျိုးများကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေးကိစ္စများကိုလည်း စည်းစည်းလုံးလုံးသစ္စာရှိရှိ ဆက်လက်ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော လုံခြုံရေးစနစ်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံမဲဆန္ဒရှင်ပြည်သူများက သာသနာ ရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းတံတားဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိမဲဆန္ဒနယ်မြေအတွင်း တည်ငြိမ်အေးချမ်းစေရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြစေလိုပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားပြီး ဒေသခံမဲဆန္ဒရှင်ပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
#MNP #News







No comments:
Post a Comment