နေပြည်တော်၊ ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံကိန်း(ပထမအဆင့်)” ၏ စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်းစီမံကိန်း (ပထမအဆင့်)” သည် မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန်၊ လေထု၊ ရေထု၊ မြေထုအရည်အသွေးများကို ဆန်းစစ် အကဲဖြတ်နိုင်ရန်၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် အမျိုးသားပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်နိုင်ရေး အခြေခံ အချက်အလက်များ စုဆောင်းနိုင်ရန်ရည်ရွယ်ပြီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်းဖြစ်ကြောင်း။
ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်အခြေအနေအဖြစ် ထိန်းသိမ်းနိုင်ရန်အတွက် ကိန်း ဂဏန်းအချက်အလက်အထောက်အထားများအပေါ် အခြေခံပြီး စနစ်တကျ လေ့လာဆန်းစစ်နိုင် ရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ရန် မဖြစ်မနေလိုအပ်ကြောင်း၊ အမျိုး သားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။
စီမံကိန်း၏ ဒုတိယအဆင့်နှင့် တတိယအဆင့်များကိုလည်း သတ်မှတ်ကာလများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုစီမံကိန်းကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီထောက်ပံ့ပေးခဲ့ကြသည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူ များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Minister Counsellor Dr. Zheng Znhongr (ဒေါက်တာ ကျန့်ကျစ်ဟုန်) နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့က အမှာစကား ပြောကြားကြကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment