ကလေးဝမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစီစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးဝမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစီစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

 


ကလေးဝ ၊  ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစီစစ်ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉)နာရီက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ပေးခဲ့သည်။အဆိုပါ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစီစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ အသက် (၁၀)နှစ် ပြည့်ပြီးသူများအား လိုအပ်သောစာရွက်စာတမ်း အထောက်အထားများ၊ ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူစစ်ဆေးပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)