သာစည်၊ ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့ ရက်မွန်းလွဲ ၃ နာရီခွဲခန့်က လေပြင်းများတိုက်ခတ်ခဲ့ရာ သစ်ပင်များလဲကျမှုများဖြစ်ပွားခဲ့သဖြင့် တာဝန်ရှိသူများက အချိန်နှင့်တပြေးညီဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် သာစည်မြို့အမှတ်(၅)ရပ်ကွက်ရှိ ဦးမြင့်ဆွေ၏ လေးပင်ပတ်လည်၊ အုတ်ညှပ်၊ သွပ်မိုးနှစ်ထပ်နေအိမ်ပေါ်သို့ အမြင့် ၆၀ ပေခန့်၊ လုံးပတ် ရှစ်ပေခန့်ရှိ ကုက္ကိုပင်လဲကျမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရာ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးငွေကျပ် သိန်း ၃၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ ထို့ပြင် သာစည်မြို့ အမှတ်(၃)ရပ်ကွက် မိတ္ထီလာ-တောင်ကြီးကားလမ်းနှင့် အ.ထ.က(၂)အဝင်လမ်းဆုံနှင့် မိတ္ထီလာ-တောင်ကြီးကားလမ်းနှင့် နှောပင်ကျေးရွာ အဝင်လမ်းဆုံတို့တွင် လုံးပတ်ရှစ်ပေခန့်ရှိ သစ်ပင်နှစ်ပင်တို့လဲကျမှုများဖြစ်ပွားခဲ့ရာ အဆိုပါနေရာများ၌ လမ်းပိတ်ဆို့မှုမဖြစ်စေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်မေသင်းခိုင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဖယ်ရှားရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် သစ်ပင်များလဲကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းမရှိ၊ လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ သိရသည်။
#MNP #News


No comments:
Post a Comment