ပုသိမ်၊ ဧပြီ ၈
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယမန်နေ့နံနက်(၁၀)နာရီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူက ဝန်ကြီးဌာန(၇)ခုတွင် ဝန်ကြီးဌာနအလိုက်ခန့်အပ်တာဝန်ပေးမည့် ဝန်ကြီး(၇)ဦးအမည်စာရင်း အဆိုပြုချက်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး/ကန့်ကွက်ခြင်းမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ရန် တိုင်းရင်းသားရေးရာဝန်ကြီးနှစ်ဦး ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကမှတ်တမ်းတင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူက တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် အဆိုပြုချက်နှင့်စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းအဆိုပြုချက်ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူက တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး(၄)ဦးကို ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းအဆိုပြုချက်နှင့်စပ်လျဉ်း၍လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး/ကန့်ကွက်ခြင်းမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့ပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။
လှမင်းထွဋ်
#MNP #News


No comments:
Post a Comment