ညောင်ရွှေမြို့၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ရွှေမြို့၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်

 




ညောင်ရွှေ   ၊ ဧပြီ ၂၇

ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ တပ်ဖွဲ့တဝင်များ၏ စစ်ပညာများပြည့်ဝစေရန်နှင့် မိမိကိုယ်ကိုယုံကြည့်မှုအပြည့်ဖြင့် တာဝန်ထမ်းဆောင်နိုင်စေရန်၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး စည်းလုံးညီညွှန်စွာဖြင့် တာဝန်ထမ်းဆောင်စေနိုင်ရေး ပြည်သူ့လုံခြုံရေးနှင့်အကြမ်း ဖက်နှိမ်နင်းရေးဆိုသည့် အဖွဲ့အစည်း၏အမည်နှင့်အညီ ပြည်သူ့အကျိုးကိုဦးထိပ်ထား ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး မင်းစစ်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသည့်ဧည့်သည်တော်များနှင့် သင်တန်းသားများ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းအား (၂၇-၄-၂၀၂၆)ရက် နေ့မှ (၂၄-၅-၂၀၂၆)ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ တပ်ဖွဲ့ဝင်သင်တန်းသား (၅၀)ဦးတက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)