
ကျောက်တန်း ၊ ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် အထူးစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက် (၁၀) နှစ်ပြည့် နိုင်-၃ (က)နှင့် အသက် (၁၈) နှစ်ပြည့် နိုင်-၆ (က)များ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့က ကျောက်တန်းမြို့နယ် ရွှေပြည်သာယာရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဦးဇော်လင်းထွဋ်မှ ဦးဆောင်၍ လဝကဝန်ထမ်းများလိုက်ပါလျက်၊ ရပ် / ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများက ရပ်ကွက်အတွင်းနေထိုင်ကြသော ပြည်သူများအား အသက် (၁၀) နှစ်ပြည့် နိုင်-၃ (က)နှင့် အသက် (၁၈) နှစ်ပြည့် နိုင်-၆ (က)များ ပြုလုပ်ပေးခြင်းနှင့် BIO စစ်ဆေးခြင်း၊ ရိုက်ပေးခြင်းများကို မြေပြင်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့ ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များသို့ ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment