သာယာဝတီ ၊ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ငဖြူကလေးကျေးရွာအုပ်စု၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့သို့ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေမင်းသူ၏ ကြီးကြပ်မှုဖြင့် လဝကဝန်ထမ်းများ ပါဝင်သောအဖွဲ့က ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၀) နှစ်အထက် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများဆောင်ရွက်ပေးကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးရာ မြို့နယ်ဦးစီးမှူး ဦးဝေမင်းသူက လုပ်ငန်းများဆောင်ရွက်ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment