ကျောက်မဲ၊ ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ လွယ်ခွန်တောင်ရှိ သီဟိုဠ်ပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီး၏ ဂန္ဓကုဋိဘုံခုနှစ်ဆင့် ပြာသာဒ်ကျောင်းဆောင်တော်ကြီးအတွက် ရွှေထီးတော်သစ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့မှ ပင့်ဆောင်ရောက်ရှိလာပြီး မြို့တွင်းလှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေထီးတော်သစ်ကို နံနက် ၈ နာရီတွင် ကျောက်မဲမြို့ ပိတောက်လမ်းနှင့် ပင်လုံလမ်းဆုံ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုပင့်ဆောင်ခဲ့ကြပြီး ထို့နောက်မြို့တွင်းသို့ လှည့်လည်၍ အပူဇော်ခံခဲ့ကြသည်။
ယခင်က ပြာသာဒ်ကျောင်းဆောင်တော်ကြီး၏ ရွှေထီးတော်မှာ ၂၀၂၅ ခုနှစ် မေ ၂၈ ရက်တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သဖြင့် ယခုကဲ့သို့ ရွှေထီးတော်သစ်ကို ပြန်လည်တင်လှူပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ ရွှေထီးတော်သစ်တင်လှူပူဇော်ပွဲ အခမ်းအနားကို မေလ ၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#MNP #News




No comments:
Post a Comment