တရားဥပဒေစိုးမိုးရေး ပြည်သူလူထု ယုံကြည်အားကိုးမှု ရရှိစေရေးအတွက် ဥပဒေနှင့်အညီ မှုခင်းကြိုတင်ကာကွယ်ဖမ်းဆီးရေးများ ဆောင်ရွက်ခြင်း၊ ဖြစ်ပွားခဲ့သော အမှုများအား အလျှင်အမြန် ဖော်ထုတ်ဖမ်းဆီးခြင်း ပြစ်မှုကျူးလွန်သူများကို ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ခြင်းတို့ကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားဥပဒေစိုးမိုးရေး ပြည်သူလူထု ယုံကြည်အားကိုးမှု ရရှိစေရေးအတွက် ဥပဒေနှင့်အညီ မှုခင်းကြိုတင်ကာကွယ်ဖမ်းဆီးရေးများ ဆောင်ရွက်ခြင်း၊ ဖြစ်ပွားခဲ့သော အမှုများအား အလျှင်အမြန် ဖော်ထုတ်ဖမ်းဆီးခြင်း ပြစ်မှုကျူးလွန်သူများကို ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ခြင်းတို့ကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား







ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အစည်းအဝေးကို ဧပြီ (၂၃) ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးချုပ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရသစ်ကာလတွင် ရက် (၁၀၀) စီမံချက်ဖြင့် ကဏ္ဍများအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ရွာအေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှသာ နယ်မြေအလိုက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်မှာဖြစ်သဖြင့် တရားဥပဒေစိုးမိုးရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ကြရန်မှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိကဦးဆောင်ရမည့် ဌာနများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဥပဒေနှင့် တိုင်းတရားရေး ဌာနတို့ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရသစ်ကာလတွင် ရက် (၁၀၀) ရှေ့ပြေးစီမံချက် စတင်အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ နယ်မြေအတွင်းရှိ ဥပဒေဘောင်အတွင်း နေထိုင်ကြသည့် ပြည်သူလူထု အဖွဲ့အစည်းအသီးသီးတို့ ပူးပေါင်း၍ Community Policing ပြည်သူ့လူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်ကို အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရဲစခန်း နယ်မြေအလိုက် ရပ်ရွာအေးချမ်းသာယာရေးအတွက် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဥပဒေဘောင်အတွင်း နေထိုင်ကြသည့် လူတန်းစား အဖွဲ့အစည်းအသီးသီး ပူးပေါင်းပါဝင်သော နယ်မြေအတွင်း လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း စနစ်၊ နယ်ထိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ နယ်မြေအတွင်း မှုခင်းမဖြစ်ပွားစေရေး၊ လူထုအား မှုခင်းအသိပညာပေး လုပ်ငန်းစဉ်များ ချပြဆောင်ရွက်ခြင်း၊ ခေတ်မီနည်းစနစ်ပစ္စည်းများ အသုံးပြု၍ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး စီမံဆောင်ရွက်ခြင်းများလိုကြောင်း၊ ထို့အပြင် နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး ပြည်သူလူထု ယုံကြည်အားကိုးမှု ရရှိစေရေးအတွက် ဥပဒေနှင့်အညီ မှုခင်းကြိုတင်ကာကွယ်ဖမ်းဆီးရေးများ ဆောင်ရွက်ခြင်း၊ ဖြစ်ပွားခဲ့သော အမှုများအား အလျှင်အမြန် ဖော်ထုတ်ဖမ်းဆီးခြင်း ပြစ်မှုကျူးလွန်သူများကို ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ခြင်းတို့ကို ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေ၊ တရားရေးဌာနတို့မှ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များကို တင်ပြသုံးသပ်ရန်၊ ရန်ကုန်တိုင်းအတွင်း တရားဥပဒေစိုးမိုးရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက အစိုးရသစ်ကာလတွင် ရက် (၁၀၀) စီမံချက်ကို  အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍများအလိုက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို အသီးသီး ဆွေးနွေးရှင်းလင်း တင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က တင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)