သာသနာ့မြေအဖြစ် အသုံးပြုနိုင်ရန် မြေကွက်လှူဒါန်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာသနာ့မြေအဖြစ် အသုံးပြုနိုင်ရန် မြေကွက်လှူဒါန်းပွဲ ကျင်းပ








ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မကွေးပရိယတ္တိစာသင်တိုက်တွင် အလှူရှင်များက ဆရာတော်ဦးပါမောက္ခထံ မြေကွက်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဆရာတော် ဦးပါမောက္ခ က "သာသနာ့မြေအဖြစ် အသုံးပြုနိုရန်အတွက် ဒါယိကါမကြီး ဒေါ်စန်းစန်းယဉ်မှ

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သခင်ခင်ဇော်(၁)လမ်း၊ မြေကွက်အမှတ် (၂၃၉)အား  မြေလှူဒါန်းပွဲကို ယနေ့ (၂၅-၄-၂၀၂၆)ရက်နေ့ အသိသက်သေများ ရှေ့တွင် လက်မှတ်ရေးထိုး အလှူးပေးခြင်း အလှူခံယူခြင်းကို ဝမ်းမြောက်စွာဖြင့် ပြုလုပ်ကြပါတယ်။ လူသူတော်ကောင်း၊ နတ်သူတော်ကောင်း အပေါင်းတို့ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေ" ဟု မိန့်ကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)