သန်လျင်မင်းကျောင်းပထမပြန်စာသင်တိုက် (၇၅)နှစ်ပြည့် စိန်ရတုသဘင်နှင့် အာစရိယပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သန်လျင်မင်းကျောင်းပထမပြန်စာသင်တိုက် (၇၅)နှစ်ပြည့် စိန်ရတုသဘင်နှင့် အာစရိယပူဇော်ပွဲ ကျင်းပ











ရန်ကုန်၊ ဧပြီ ၂၅

သန်လျင်ခရိုင် သန်လျင်မြို့မင်းကျောင်းပထမပြန်စာသင်တိုက် (၇၅)နှစ်ပြည့် စိန်ရတုသဘင်နှင့် (၃၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယနေ့ နေ့လယ် (၁၂)နာရီတွင် အဂ္ဂမဟာရွှေမေတ္တာဆွမ်းစား ကျောင်းကြီး၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကျောင်းတိုက်စိန်ရတုသဘင်နှင့် အာစရိယပူဇော်ပွဲ ကျင်းပခြင်းနှင့် စပ်လျဥ်း၍ ပဲခူးမြို့ကျုံးထောင့် ဝိပဿနာကျောင်းဆရာတော်ကရှင်းလင်း လျှောက်ထားသည်။ ဆက်လက်၍ အပူဇော်ခံ ဆရာတော်ဘုရားအား ဂုဏထောမနာ အာသီသပူဇာဖြင့် ရွှေသန်လျင်ဆရာတော်က လျှောက်ထားသည်။ ထို့နောက် မင်္ဂလာပိုဒ်စုံရတုဖြင့် ပူဇော်ခြင်း၊ သန်လျင်မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီးအား တပည့်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများက ပူဇော်ကန်တော့ကြပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူကြသည်။

ယင်းနောက် ဓာတ်တော်စေတီလှူဒါန်းရခြင်းနှင့် စပ်လျဥ်း၍ အလှူရှင်က ရှင်းလင်းလျှောက်ထားပြီး အလှူရှင်များက သန်လျင်မင်းကျောင်းဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အနုပညာရှင်များက ထပ်တွန့်ရှယ်ဆယ်ဖေါ်တေးထပ်ဖြင့် သီကျုးပူဇော်၍ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာ ရေစက်ချတရား နာယူခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ(သန်လျင်)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)