ဝမ်းတွင်း၊ ဧပြီ ၂၅
ဝမ်းတွင်းမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ရက်ကွက်ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်က ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာမှ ဝမ်းတွင်းအမှတ် (၁) ရပ်ကွက်၊ သဲတောအမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်၊ ဘုရားစုကျေးရွာအုပ်စု၊ ဂုဏ်ရွာကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment