ဟုမ္မလင်း၌ မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်း၌ မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခြင်း ဆောင်ရွက်



ဟုမ္မလင်း၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် "နိုင်ရတနာဝင်း" ဖလက်ကုန်တင် မော်တော်ရေယာဥ်ပေါက်ကွဲ၍ မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခဲ့ခြင်းကို ယမန်နေ့ည (၅) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် ဧပြီလ ၂၀ ရက်နေ့ ညနေ(၆)နာရီခွဲ အချိန်ခန့်က ဟုမ္မလင်းရပ်ကွက် မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် "နိုင်ရတနာဝင်း" ဖလက်ကုန်တင်မော်တော်ရေယာဥ် ပေါက်ကွဲ၍ မော်တော်ယာဉ် (၁၀)စီးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ ကုန်တင်ရေယာဉ်များအနက် မီးငြှိမ်းသတ်ပြီးသည့် ဧရာကျော် ကုန်တင်ရေယာဉ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး သိန်းလင်းထွန်း၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်မီးတပ်သတ်ဖွဲ့ဝင်များ၊ မြို့နယ်ရစကမှ အဖွဲ့ဝင်များနှင့် (ဟုမ္မလင်း၊နောင်ပကျစ်)ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များတို့မှ ပူး​ပေါင်း၍ ရေယာဉ်များဖြင့် ဟုမ္မလင်းမြို့၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)