ဖလမ်းမြို့တွင် အခြေပြုလှုပ်ရှားနေသော CDF အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းပြီး တပ်မတော်က ပြန်လည်ထိန်းချုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖလမ်းမြို့တွင် အခြေပြုလှုပ်ရှားနေသော CDF အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းပြီး တပ်မတော်က ပြန်လည်ထိန်းချုပ်









ဖလမ်း၊ ဧပြီ ၂၅

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အကြမ်းဖက်သမားများ ကာလရှည်ကြာ အခြေပြုလှုပ်ရှားနေခဲ့ရာမှ ယနေ့ (၂၅-၄-၂၀၂၆) ရက်နေ့တွင် တပ်မတော်စစ်ကြောင်း က အကြမ်းဖက်သမားများကို ရှင်းလင်းနိုင်ခဲ့ပြီး ဖလမ်းမြို့ကို အလုံးစုံပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရန် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၏ ဒုတိယမြို့တော်၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ ကျော်ရှိ သာယာအေးချမ်းသော ဖလမ်းမြို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် CDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၇ လကြာ ပြင်းထန်စွာ ကာကွယ်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သမားများက ပြည်သူများကို လူသားတံတိုင်းပြုထားမှုကြောင့် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ဆုတ်ခွာခဲ့ရသည်။

CDF အကြမ်းဖက်အဖွဲ့သည် မြို့ကို ယာယီစိုးမိုးစဉ် အပြစ်မဲ့ပြည်သူများအား အတင်းလူသစ်စုဆောင်းခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ အိမ်မီးရှို့ခြင်း၊ လုယက်ခြင်းတို့ ကျူးလွန်ခဲ့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲများက ကလေးမြို့မှ စစ်ကြောင်း ၂ ကြောင်း၊ တီးတိန်မြို့မှ စစ်ကြောင်း ၁ ကြောင်းဖြင့် ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့ရာ CDF အကြမ်းဖက်အဖွဲ့အခြေပြု နေရာအများအပြားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြိုအား အကြမ်းဖက်သမားများထံမှ အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေးအတွင်း ထိတွေ့တိုက်ပွဲ ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား အလောင်း ၁၉ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း တပ်မတော်သတင်းရင်းမြစ်များမှ သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)