ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၇ ဦး လွတ်ငြိမ်းခွင့်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၇ ဦး လွတ်ငြိမ်းခွင့်ပြု





စဉ့်ကိုင်  ၊ ဧပြီ ၁၈

မြန်မာနှစ်သစ်ကူးမင်္ဂလာ အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း‌အေးချမ်းစေရေးနှင့် လူသားချင်းစာနာ‌ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် အချုပ်ထောင်/ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းခွင့်ပြုပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ် (၁) နှင့် အမှတ် (၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၁၀၇ ဦးအား ရာဇဝတ်ကျင်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ  နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကျောက်ဆည်ခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမြင့်နိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး ဇော်မင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများအားဆုံးမစကား ပြောကြားသည်။

ဆက်လက်၍ ကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံစဉ်ရရှိခဲ့သည့် အကျိုးခံစားခွင့်များအား ထုတ်ပေးခဲ့ပြီးနောက် ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ် (၁) ကုန်ထုတ်စခန်းမှ အကျဉ်းသား ၄၆ ဦးနှင့် အမှတ် (၂) ကုန်ထုတ်စခန်းမှအကျဉ်းသား ၆၁ ဦး၊ စုစုပေါင်းအကျဉ်းသား ၁၀၇ ဦးတို့အား အကျဉ်းဦးစီးဌာနအစီအစဉ်ဖြင့် ရထားဘူတာနှင့်ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)