မြောင်းမြ ၊ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သာသနာတော်နှစ် ၂၅၇၀ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်နေ့ နေ့လယ် (၁) နာရီအချိန်က (၈၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားဖွင့်ပွဲကို ဖဲကြိုး ဖြတ်ဖွင့်လှစ်သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရား ကန်တော့ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္ဒာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုကို၊ မြောင်းမြ မြို့နယ်အသင်း ဒု-ဥက္ကဋ္ဌ ဦးသန့်ဇင်တို့က မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားအပြီးတွင် မြို့နယ်အတွင်းမှ သံဃာတော်အရှင်သူမြတ် (၂၅၀၀) ကျော်ခန့်အား မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများအား လောင်းလှူခဲ့ ကြောင်း သိရသည်။ ထိုသို့ လောင်းလှူပြီးသည့် ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ပစ္စည်းအစုစုများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှုရှင်များက ဘုန်းတော်ကြီးကျောင်းများသို့ စနစ်တကျသယ်ယူ ပို့ဆောင်ပေးနိုင်ရန်အတွက် မြို့တစ်ပတ်လိုက်ပါကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ
https://t.me/MyanmarNationalPost
No comments:
Post a Comment