တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပရဟိတဂေဟာကျောင်းများသို့ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပရဟိတဂေဟာကျောင်းများသို့ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း



ထားဝယ်  ၊ ဧပြီ ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဇေယျဝတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်၌ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ဆရာတော်ကြီးများ၏ ကျန်းမာရေးအခြေအနေများနှင့် သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားသည်။

ထို့နောက် ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ငါးပါးသီလနှင့် ဩဝါဒကထာစကား နာယူကြည်ညိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လှူဘွယ်ဝတ္ထုငွေနှင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဆား၊ငရုတ်ကြမ်းစသည်တို့ကို ဆရာတော်ကြီးများထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထိုနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် မိဘမဲ့ပရဟိတဂေဟာကျောင်းများသို့ လှူဖွယ်ဝတ္ထုငွေနှင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဆား၊ ငရုတ်ကြမ်းနှင့် ကျောင်းများတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)