မြစ်ကြီးနား ၊ ဧပြီ ၉
၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်များကို နေရာ(၃)နေရာဖြင့် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်သည့်အပြင် မဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ရိုးရာယဉ်ကျေးမှုနှင့်အညီ ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
သို့ဖြစ်ပါ၍ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲအား ယိမ်းအကပြိုင်ပွဲကျင်းပရေးကော်မတီအနေဖြင့် ကိုယ်ပိုင်စာသား/ ကိုယ်ပိုင်အဆို/ ကိုယ်ပိုင်အတီးဖြင့်လည်းကောင်း၊ ကိုယ်ပိုင်စာသား/ စီဒီဖြင့် လည်းကောင်း၊ စီဒီတေးသီချင်းဖြင့် လည်းကောင်း ပြိုင်ပွဲအမျိုးအစား (၃) မျိုးဖြင့် ကျင်းပပြုလုပ်သွားရာ ပြိုင်ပွဲဝင်ဝန်ကြီးဌာနများ၏ ယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းအဖွဲ့များအနေဖြင့် သက်ဆိုင် ရာနေရာအသီးသီးတွင် ယိမ်းအကများကို လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လေ့ကျင့်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့များအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်း၌ လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့အနေဖြင့် အမှတ်(၁)တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း၌ လည်းကောင်း၊ လူမှုရေးရာဝန်ကြီးဌာနနှင့် စီးပွားရေးရာဝန်ကြီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့များအနေဖြင့် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ လည်းကောင်း၊ ရပ်ကွက်ယိမ်းများအနေဖြင့် အောင်နန်း၊ ရန်ကြီးအောင်၊ မြို့သစ်ကြီး စသည့်တို့ အပါအဝင် သက်ဆိုင်ရာရပ်ကွက်ယိမ်းများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လည်းကောင်း နည်းပြများဖြင့် အကတိုက်လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment