
ဟားခါး ၊ ဧပြီ ၉
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများကို ဧပြီလ ၈ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဦးဆောင်သော ဟားခါးပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ ဇနီးများကို ကျန်းမာရေးစစ်ဆေးပေး၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ ပေးအပ်သည်။ညနေပိုင်းတွင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ဇနီးများအား ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဦးဆောင်သော ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေး၍ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment