မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်






နေပြည်တော်၊ ဧပြီ ၁၀

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်း တိုးမြှင့်သည့် . အပြန်အလှန် အတည်ပြုလွှာ Exchange of Letters လဲလှယ်သည့်အခမ်းအနား ကို ယမန်နေ့က နေပြည်တော် ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဦးစွာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Kirti Vardhan Singh တို့က အမှာ စကား ပြောကြားကြသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က မတ်ပဲ နှင့်ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား သက်တမ်းတိုးမြှင့် သည့် အပြန်အလှန် အတည်ပြုလွှာကို လဲလှယ်ကြသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် အိန္ဒိယနိုင်ငံ စားသုံးသူ ရေးရာ အစားအသောက်နှင့် ဖြန့်ဖြူးရေး ဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် မတ်ပဲ နှင့် ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ငါးနှစ်သက်တမ်း တိုးမြှင့်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံ တန်ချိန် တစ်သိန်း နှစ်စဉ်တင်ပို့ခွင့်ရရှိမည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ၊ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် လည်း ၎င်းတို့၏စိုက်ပျိုးထုတ်လုပ် တင်ပို့မှုများအတွက် ယုံကြည် စိတ်ချရမှုကို မြင့်တက်စေမည် ဖြစ်သည်။

ထို့ပြင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အကြား ရှိထားပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့ ပိုမိုခိုင်မာ လာစေသည့်အပြင် ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များအတွက် လမ်းစသစ်များကို ဖော်ဆောင်ပေးနိုင်သော ဆွေးနွေးမှု များနှင့် ကောင်းမွန်သောရလဒ်များရရှိခဲ့ကြောင်း သိရသည်။ 

တည်ခင်းဧည့်ခံ အခမ်းအနားအပြီးတွင် အိန္ဒိယ နိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား Park Royal Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းတို့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ဘက်မှ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)