ကံမမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ အပူရှောင်စခန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကံမမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ အပူရှောင်စခန်း ဖွင့်လှစ်





ကံမ၊ ဧပြီ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၂)ရပ်ကွက်၊ ကံမ- သရက်လမ်းရှိ မြို့နယ်သာသနာ့ဗိမ္မာန်တော်ကြီး၌ အပူရှောင်စခန်းအား ယနေ့နံနက်(၈)နာရီက စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္က ဗိုလ်မှူးဖြိုးမင်းကျော်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အပူရှောင်စခန်းတွင် အသက် (၇၀)အထက် အဖိုးအဖွား (၇၀)ဦးခန့် ဝင်ဆံ့ပြီး မြို့ပေါ် ရပ်ကွက်များမှ လာရောက်အပူရှောင်ကြသော အဖိုးအဖွားများအား မြို့နယ် ဆရာဝန်ကြီးဒေါက်တာသက်ဦးဟန်နှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့ကျန်းမာရေး စောင့်ရှောက် ပေးခြင်း၊ မြို့နယ်ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် နေ့လည်စာ ကျွေးမွေးခြင်း၊ ရေသန့်နှင့်အချိုရည်များတိုက်ကျွေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွှန့်နှင့် တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ်ဖြင့် ဗိမ္မာန်အဆောက်အဦးနှင့် ပတ်ဝန်းကျင်အား အပူချိန်လျော့ကျစေရန် ရေဖြန်းပေးခြင်း၊ အဖိုအဖွားများ အပူရှောင်နေစဉ် တရားဓမ္မများနာယူနိုင်ရန် ရုပ်မြင်သံကြား ပြသပေးခြင်းတို့အား ဆောင်ရွက်ပေးလျှက်ရှိပြီး နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ    အပူချိန်လျော့ကျသွားသည့် ကာလအထိ အပူရှောင်စခန်းအား ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရှိရပါသည်။  


ကျော်ဇေယျဝင်း(ကံမ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)