ရေနံချောင်းမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းဖွင့်လှစ်ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းဖွင့်လှစ်ထား









ရေနံချောင်း၊ ဧပြီ ၃

မကွေးတိုင်းဒေသကြီးသည် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့အပူဆုံးဒေသစာရင်းတွင် ပါဝင်နေသည့်အတွက် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မိမိတို့နေအိမ်များတွင် နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်သူများနှင့် သက်ကြီးဘိုးဘွားများ အပူရှောင်နားခိုနိုင်ရန်အတွက်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက မြို့မမြောက်ရပ်ကွက် သာသနာ့မဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းဝန်းတွင် အပူရှောင်စခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးသည်။

အပူရှောင်စခန်းကို မတ်လ ၁၆ ရက်နေ့က စတင်၍ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားရာ ယခုရက်ပိုင်းအတွင်း အပူရှိန်တိုးလာသည့်အတွက် အပူရှောင်လာရောက်နားခိုသည့် အဘိုးအဘွား ၇၀ ဦးခန့်ရှိကြောင်းနှင့် အပူရှောင်လာရောက်နားခိုသည့် လူဦးရေအနည်းအများပေါ်မူတည်၍ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် အရန်နေရာသတ်မှတ်၍ ကြိုတင်စီမံဆောင်ရွက်ထားကြောင်းသိရသည်။

အပူရှောင်စခန်းနှင့် ပတ်ဝန်းကျင်အား အပူဒဏ်လျော့နည်းသက်သာစေရန်အတွက် ယနေ့နံနနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် ရေဖျန်းပေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့က အပူရှောင် အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် အလှူရှင်များက အာဟာရဒါနအဖြစ် ကြက်သားဆန်ပြုတ်တိုက်ကျွေးခြင်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါအပူရှောင်စခန်းကို အပူဒဏ်သက်သာစေရန်အတွက် သာသနာ့မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းရှိ အရိပ်ကောင်းမွန်သည့် သက်တမ်းရင့် တမာပင်ကြီး၏အောက်တွင် ဝါးသက်ကယ်မိုး၊ ဝါးကြမ်းခင်း၊ ဝါးဖျာများဖြင့် တည်ဆောက်ထားပြီး မြေအိုးများဖြင့် သောက်ရေအိုးများစီစဉ်ထားခြင်း၊ ပန်ကာ၊ လေအေးပေးစက်များ တပ်ဆင်ထားခြင်းများ ဆောင်ရွက်ထားကြောင်းသိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)