ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရအဖွဲ့သစ်အား ပြည်သူ့ရှေ့ဆောင်ပါတီက ကြိုဆိုဂုဏ်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရအဖွဲ့သစ်အား ပြည်သူ့ရှေ့ဆောင်ပါတီက ကြိုဆိုဂုဏ်ပြု




ရန်ကုန်၊ ဧပြီ ၃

ပြည်သူ့ရှေ့ဆောင် ပါတီ PPP အနေဖြင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ဆောင်ရွက်ခြင်းအပေါ် အထူးဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါကြောင်းနှင့်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသည့် ပြည်ထောင်စု အစိုးရအဖွဲ့သစ်အားလည်း လေးစားစွာ ကြိုဆိုဂုဏ်ပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ ၏ ထုတ်ပြန်ချက်တွင် "ယနေ့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကဏ္ဍအသီးသီးတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည့် ကာလဖြစ်ပါသည်။ ထိုသို့သော အရေးကြီးသည့် အချိန်အခါတွင် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရေး တို့ကို အလေးထား၍ သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း ဆန္ဒပြုအပ်ပါသည်။" ဟု ဖော်ပြပါရှိသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ အနေဖြင့်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထု၏ လူမှုဘဝများ တိုးတက်သာယာစေရေးနှင့် ဒီမိုကရေစီစနစ် ခိုင်မာဖွံ့ဖြိုးတိုးတက်ရေး တို့ကို အခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် အပြုသဘောဆောင်စွာ တတ်စွမ်းသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် အား ကျန်းမာချမ်းသာ၍ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် ထမ်းဆောင်မည့် တာဝန်ဝတ္တရားများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရသစ်အနေဖြင့်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့အတွက်  စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ကြပါစေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ PPP  မှ လေးနက်စွာ ဆုမွန်ကောင်းတောင်း ဂုဏ်ပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)