ပေကျင်း၊ ဧပြီ ၃
မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတအဖြစ် ဦးမင်းအောင်လှိုင် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၃ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းများကို ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံသည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးကြသော အိမ်နီးချင်းနိုင်ငံနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒမှာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အစိုးရသစ်၏ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးကို ဖော်ဆောင်ခြင်းအား ထောက်ခံကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်းကာ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်အား ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြင့် အတူတည်ဆောက်ရေးအား တက်ကြွစွာ တွန်းအားပေးရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုဖြင့် လက်တွေ့အသီးအပွင့်ရလဒ်များကို ပိုမိုဖော်ဆောင်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီပွားကို ပိုမိုကောင်းမွန်စွာ ထမ်းရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: ဆင်ဟွာ
#MNP #News


No comments:
Post a Comment