မင်းလှမြို့၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများဖွင့်လှစ်ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများဖွင့်လှစ်ထားရှိ







အထက်မင်းလှ၊ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ယခုရက်ပိုင်း ကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင်ပါရှိသည့်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာရှိ ဒေသခံပြည်သူများ မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကို တိမ်းရှောင်ရန်လိုအပ်မည့်သူများ၊ သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက် နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းများကို ဧပြီလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကာ ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်ထားရှိခဲ့သည်။

အဆိုပါ အပူရှောင်စခန်းများကို မြို့ပေါ်ရှိ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဝေပုလ္လ ဓမ္မာရုံ၊ ရွှေဘုန်းသာဓမ္မာရုံ၊ ကွက်သစ်ဓမ္မာရုံ၊ ရှစ်မျက်နှာဘုရားဓမ္မာရုံ နှင့် ရွာတော်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် အပူရှောင်စခန်း(၆)နေရာတို့တွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲအချိန်ထိ ဖွင့်လှစ်ထားပြီး နားနေခန်း၊ တရားနာခန်း နှင့် ထမင်းစားခန်းများအပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊‌ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးစစ်ဆေးပေးခြင်း နှင့် လိုအပ်သည့် ဆေးဝါးများအား အခမဲ့ပေးဝေခြင်း၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းအပြင် အဆိုပါ အပူရှောင်စခန်းများအတွက် ဓာတ်ဆား၊ မုန့်၊ အချိုရည်၊ ရေသန့်များနှင့် အစားအစားများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင် နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ နှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ယခုလက်ရှိ အပူရှောင်စခန်းများတွင် လာရောက်သည့် သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ် များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများ စုစုပေါင်း(၁၃၀)ဦးခန့် ရှိကြောင်း သိရသည်။


ဝင်းမြတ် (အထက်မင်းလှ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)