ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် ကျင်းပမည့် နေရာများ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် ကျင်းပမည့် နေရာများ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး











ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပမည့် နေရာများတွင် မဏ္ဍပ်များ တည်ဆောက်နေမှုနှင့် လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဧပြီ (၂) ရက် နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက် ပြည်လမ်းနှင့် အလုံလမ်းထောင့်အထိ မဏ္ဍပ် (၁၀) ခုတို့တွင် မဏ္ဍပ်များတည်ဆောက်နေမှုနှင့် ရေပိုက်လိုင်း သွယ်တန်းတပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှု၊ ဖျော်ဖြေရေးစင်မြင့် တည်ဆောက်နေမှု၊ လမ်းလျှောက်သင်္ကြန်အတွက် ရေမှုန်ရေမွှားနှင့် လျှောက်လမ်းများ ပြင်ဆင်ထားရှိမှု၊ မြန်မာ့ရိုးရာ သနပ်ခါးလိမ်းသည့် ဓလေ့အား ပြည်သူများ ပါဝင်ဆင်နွှဲ မြတ်နိုးစွာလိမ်းခြယ်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရေပိုက်လိုင်း သွယ်တန်းတပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဏ္ဍပ်များ ကြံ့ခိုင်ရေး လုံခြုံရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် စသည်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံလမ်းတွင် လမ်းလျှောက်သင်္ကြန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)