ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နိုင်ငံသူ နိုင်ငံသားတို့အပေါ်၌ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်နိုင်ပါစေဟု ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှဆုမွန်ကောင်းတောင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နိုင်ငံသူ နိုင်ငံသားတို့အပေါ်၌ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်နိုင်ပါစေဟု ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှဆုမွန်ကောင်းတောင်း




နေပြည်တော်၊ ဧပြီ ၃

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ ၄၂၉ မဲဖြင့် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရပါသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အနာဂတ်နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင်ရင်ပေါင်တန်းကာ နေမင်းထုံး လမင်းထုံး နှလုံးမူလျှက် နိုင်ငံသူနိုင်ငံသားတို့အပေါ်၌ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်နိုင်ပါစေဟု ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဆုမွန်ကောင်းတောင်းထားသည်။

အလားတူ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ ၁၂၆ မဲဖြင့် နိုင်ငံတော်ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပါသော ဦးညိုစောအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အနာဂတ်နိုင်ငံတော်ကြီးကိုနိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နေမင်းထုံး လမင်းထုံး နှလုံးမူလျှက် နိုင်ငံသူနိုင်ငံသားတို့အပေါ်၌ ရင်ဝယ်သားကဲ့သို့စောင့်ရှောက်နိုင်ပါစေကြောင်း၊ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ ၂၉ မဲဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီး နိုင်ငံတော်ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပါသော ဒေါ်နန့်နီနီအေးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အနာဂတ်နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နေမင်းထုံး လမင်းထုံး နှလုံးမူလျှက် နိုင်ငံသူနိုင်ငံသားတို့အပေါ်၌ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ပြီး မြန်မာအမျိုးသမီးထုကြီး၏ အကျိုးကိုပိုမိုစွမ်းဆောင်နိုင်ပါစေဟု ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဆုမွန်ကောင်းတောင်းထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)