ဧပြီ - ၁ ( ဗုဒ္ူဟူးနေ့ )
တောင်ဆူဒန်နိုင်ငံရှိ ရွှေတွင်းတစ်ခု တိုက်ခိုက်ခံရလိုက်ရပြီးနောက် လူ ၇၀ ကျော် သေဆုံးပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒုသမ္မတ ဂျိမ်းဝါနီအစ်ဂါ က တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။ မြို့တော် ဂျူဘာရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာတွင် တည်ရှိသော ဗဟိုအီကွေတိုရီးယားပြည်နယ် ခွာကယ်လ်တန် တွင် ယခုသီတင်းပတ်ကုန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
“ဒေသခံမိုင်းတွင်းလုပ်သား ၇၃ ဦးထက်မနည်း ကြေကွဲဖွယ်ရာသေဆုံးခဲ့ရပြီး ၂၅ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်” ဟု ဒေသခံသတင်းအေဂျင်စီများက ဆိုပါတယ်။ ဒုသမ္မတ က စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး "အမည်မသိတိုက်ခိုက်သူ"တွေကို ဖော်ထုတ်ရန် တာဝန်ရှိတဲ့ အာဏာပိုင်များအား တိုက်တွန်းခဲ့ပါတယ်။
ဆူဒန်က ရွှေတွင်းတွေမှာ လက်မှုပညာရှင်တွင်းသားတွေ၊ ကုမ္ပဏီများ နဲ့ လက်နက်ကိုင်အဖွဲ့တွေ အကြား ရွှေလုယက်မှုများကြောင့် မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုများ ကြုံတွေ့နေရပါတယ်။ အမည်မဖော်လိုတဲ့ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက သေဆုံးသူအရေအတွက်မှာ ၇၅ ဦးမှ ၈၆ ဦးကြားရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါတယ် ။ အဆိုပါတိုက်ခိုက်မှုသည် လက်ရှိဖမ်းဆီးခံနေရတဲ့ ပထမဒုတိယသမ္မတဟောင်း ရစ်မာချာကို သစ္စာခံတဲ့ အတိုက်အခံတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။ အိတ်စ်ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ ရွှေတွင်းရဲ့ အပြင်ဘက်မှာ အလောင်းများစွာ ပျံ့ကျဲနေတာကို တွေ့ရပါတယ်။
ဆူဒန်ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှု-အတိုက်အခံအဖွဲ့ (SPLM/SPLA-IO) က သတ်ဖြတ်မှုများကို ရှုတ်ချခဲ့ပြီး အစိုးရတပ်များထိမ်းချုပ်နယ်မြေတွေမှာ အခုလိုဖြစ်ပွားခဲ့ရတာလို့ စွပ်စွဲခဲ့ပေမဲ့ အစိုးရပိုင်းကတော့ မှတ်ချက် မပေးပါဘူး။
REF: RT
#MNP #News



No comments:
Post a Comment