ပဲခူး၊ ဧပြီ ၁
ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၊ ဘောလုံးကွင်း၌ ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဧပြီလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီစသည့်ခရိုင်ကိုယ်စားပြု ဘောလုံးအသင်း(၄)သင်းပါဝင်ကာ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ယနေ့ ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းတွင် အဖွင့်ပွဲစဉ်အဖြစ် ပြည်ခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ယှဉ်ကစားကြရာ သာယာဝတီခရိုင်အသင်းက(၃ - ၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းသိရသည်။
ဧပြီလ(၁)ရက်နေ့ ညနေပိုင်းအချိန်တွင် တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အသင်း၊ ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင်နှင့် ပဲခူးခရိုင်အသင်း၊ ညနေပိုင်းတွင် သာယာဝတီခရိုင်နှင့် တောင်ငူခရိုင်အသင်း၊ ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင်နှင့် တောင်ငူခရိုင်အသင်း၊ ညနေပိုင်းတွင် ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်အသင်းတို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲအား ဧပြီလ(၄)ရက်နေ့ ညနေပိုင်းအချိန်တွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး
#MNP #News




No comments:
Post a Comment