ဧပြီ - ၁ ( ဗုဒ္ဓဟူးနေ့ )
အယ်လ်ဂျီးရီးယားအနောက်ပိုင်းမှ ဆာဟာရသဲကန္တာရကိုဖြတ်ပြီး ကြီးမားသော သဲမုန်တိုင်းတစ်ခုက မော်ရီတေးနီးယား၊ မော်ရိုကို၊ အနောက်ဆာဟာရနှင့် ကန်နရီကျွန်းစုများသို့ တနင်္လာနေ့က ဝင်ရောက်တိုက်ခတ် သွားခဲ့ပါတယ်။ သဲမှုန့်များပါတဲ့ ဖုန်လှိုင်းလုံးကြီးက မိုင်ပေါင်း ၁၀၀၀ ကျော် ရှည်လျားပါတယ်။ မိုးလေဝသပညာရှင်များက မိုးလေဝသဂြိုလ်တုမှတစ်ဆင့် အာကာသမှ သဲမုန်တိုင်းကို စောင့်ကြည့်လေ့လာခဲ့သလို ဆိုရှယ်မီဒီယာအသုံးပြုသူများကလည်း သဲမုန်တိုင်းကြီးကို ကင်မရာဖြင့် ရိုက်ကူးယူခဲ့ကြပါတယ်။ နိုင်ငံ ၄ နိုင်ငံကို ကန့်လန့်ဖြတ်တိုက်ခတ်ခဲ့တဲ့ သဲမုန်တိုင်းကိုတွေ့ရတာက သဲနံရံကြီး တစ်ခု နဲ့ ကာဆီးထားသလိုမျိုး မြင်တွေ့ခဲ့ရပါတယ်။
အဲ့ဒီမုန်တိုင်းဟာ ကမ်းရိုးတန်းနဲ့ သိပ်မဝေးပေမယ့် မေလမှာ စတင်ပြီး အတ္တလန္တိတ်သမုဒ္ဒရာ ကိုဖြတ်ပြီး အာဖရိကတိုက်ကနေ အနောက်ဘက်သို့ ဖုန်မှုန့်အများအပြား ပျံ့သွားနိုင်ပါတယ်။ ဖုန်ထူသောလေသည် ပုံမှန်အပူပိုင်းလေထုထက် အစိုဓာတ် ၅၀ ခန့်လျော့နည်းသောကြောင့် အပူပိုင်းမုန်တိုင်းဖြစ်ပေါ်လာ နိုင်ချေရှိနေပါတယ်။ ဖုန်မှုန့်အလွှာရှိ လေပြင်းများတိုက်ခတ်ခြင်းသည် မုန်တိုင်းပတ်ဝန်းကျင်နှင့် အနီးတစ်ဝိုက်တွင် ဒေါင်လိုက်လေတိုက်နှုန်းကို သိသိသာသာတိုးမြင့်စေပြီး ဖြစ်ပေါ်လာသည့် မည်သည့်မုန်တိုင်းကိုမဆို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
REF: UPI
#MNP #News



No comments:
Post a Comment